
အနာဂတ်အတွက် မျှော်မှန်းချက်: ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေး စင်တာ (Center for Peace and Reconciliation) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue) တို့အရ နိုင်ငံတော်အစိုးရမှ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူပြုရန် ဦးတည် ဖွဲ့စည်းသည်။

အခမ်းအနားများ

သုတေသနနှင့် စာအုပ်ထုတ်ဝေခြင်း


ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာ အကြောင်း
CPR သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို ပံ့ပိုးသည့်အနေနှင့် သက်ဆိုင်ရာ Stakeholders များအား ဖိတ်ကြား၍ အလွတ်သဘော အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့်ဖိုရမ်များကို စဉ်ဆက်မပြတ်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးပွဲများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် ကိစ္စများ၊ ဖက်ဒရယ်စနစ်ဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူ ပြုစေမည့် သုံးသပ်အကြံပြုမှုများကို အဓိကထား၍ ဆောင်ရွက်ခဲ့ပါသည်။
ဆက်ဖတ်ရန်